ပလောက်မြို့၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်တောင်ကျေးရွာ ၊ ကွင်းအမှတ် (၇.က)၊ ဦးပိုင်(၈၇)ရှိ တောင်သူ ဦးထူးတင်၏ လယ်ယာမြေ၌ မိုးစပါး ဆင်းသုခစံပြကွက်အား ယနေ့နံနက်၈ နာရီအချိန်တွင် ရိတ်သိမ်းခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။