ထားဝယ် နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊အမှတ်(1)အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ကြားနေသော ကျောင်းသား/သူများနှင့်ကျောင်းသားမိဘများအား အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနဝန်ထမ်းများက ကျောင်းသား/သူများနှင့် ကျောင်းသား မိဘများအားဦးစီးဌာန(ရုံးချုပ်) မှ ထုတ်ဝေသည့်သတင်းစကား လက်ကမ်းစာစောင် (၃၂၀)စောင်အားဖြန့်ဝေပေးခဲ့သည်။
အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်ဆောင်းပါး၊ ဗြိတိသျှတို့ပြဋ္ဌာန်းသောကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏အမျိုးသားညီညွှတ် ရေးညီလာခံ မိန့်ခွန်းကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ကဗျာနှင့် ကာတွန်းအစီအစဉ်များဖြင့် ဝေဝေဆာဆာဖော်ပြပါရှိကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)