တနင်္သာရီမြို့နယ်၌ (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီ နိုဝင်ဘာ ၂၅

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာကျရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ အ.ထ.က-တနင်္သာရီကျောင်းသား ကျောင်းသူလေးများက “ဇာတိမာန်” တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား အမှတ်(၂)စစ်နယ်မြေအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး မျိုးမင်းသူက ဖတ်ကြားပေးသည်။

ထို့နောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အတွင်းအခြေခံပညာအထက်တန်း/အလယ်

တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့မှ ဆုရကျောင်းသူ/သားများအား အမှတ်(၂)စစ်အုပ်ချုပ်ရေး နယ်မြေမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခေါင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီသီးချီးမြှင့်ပေးကြသည်။

ထို့နောက် အထက-တနင်္သာရီ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ အမှတ်(၂)စစ်အုပ်ချုပ်ရေးနယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ အ.ထ.က-တနင်္သာရီမှ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် ဆရာ/မများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)