တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၉ ရက်နေ့ ၊ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ပြည်သူများအား အနာဂတ်အလင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်ပစ္စည်းမိတ်ဆက်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်း၌ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ခန်းမတွင်  AMBER LIGHT ကုမ္ပဏီလီမိတက်မှ မြိတ်မြို့ ပြည်သူများအား အနာဂတ်အလင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်ပစ္စည်းမိတ်ဆက်ပွဲ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး သွင်းအားစုများ၊ ကော်ဖီ၊ ကိုကိုးပျိုးပင်များ ပေးအပ်ပွဲနှင့် မိုးစပါး ပျက်စီးဆုံးရှုံးမှုအတွက် သွင်းအားစုစိုက်ထုတ်သုံးစွဲငွေများ ချီးမြှင့်ပေးအပ်ပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်း၌ မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည့် မြိတ်ခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် သွင်းအားစုများပေးအပ်ခြင်း၊ ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းနှင့် (၂၀၂၄) ခုနှစ်အတွင်း ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုများကြောင့် တနင်္သာရီမြို့နယ်အတွင်း မိုးစပါး(၂၆၄၅)ဧက ပျက်စီးဆုံးရှုံးမှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုစိုက်ထုတ်သုံးစွဲ​ငွေ၏ (၂၅)ရာခိုင်နှုန်း ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘက်စုံသားဖွားဒီပလိုမာလက်မှတ်ရစာမေးပွဲ ဖြေဆိုအောင်မြင်ကြသည့် သင်တန်းသူများအား သစ်လွင်သားဖွားအလုပ်ခန့်အပ်လွှာအပ်နှင်းပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွား ဒီပလိုမာလက်မှတ်ရစာမေးပွဲ ဖြေဆိုအောင်မြင်ကြသည့် သင်တန်းသူများအား သစ်လွင်သားဖွားအလုပ်ခန့်အပ်လွှာအပ်နှင်းပွဲ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌  အငယ်တန်း၊အလွတ်တန်း အမျိုးသားအမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မျိုးဆက်သစ်ကြက်တောင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၌ အငယ်တန်း၊ အလွတ်တန်း အမျိုးသားအမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညက ရွှေဘုံသာရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်ဦးစီးဌာနတို့ပူးပေါင်း၍ သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အခြေခံပညာမူလတန်းကျောင်း(မြို့တွင်းရပ်) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (မြို့တွင်းရပ်) ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၇၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က အဆိုပါ ကျောင်း၌ ကျင်းပသည်။

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသအခေါ် တညင်းသီးများထွက်ရှိ၍ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ပြည်သူများသည် နှစ်ရှည်၊  နှစ်တိုဉယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် သဘာဝတောတောင်များမှထွက်ရှိသည့် ရာသီပေါ်သီနှံများကို ဆွတ်ခူးရောင်းချလျက်ရှိရာ  ဒေသထွက်တညင်းသီးများဈေးကောင်းရရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် ပဲတောင့်ရှည်များအားစီးပွားဖြစ်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိဒေ သခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက်  သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး