ထားဝယ် မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (မြို့တွင်းရပ်) ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၇၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က အဆိုပါ ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်၊ ခရိုင်ပညာရေးမှူးဦးဆန်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မေသိန်းတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းဆောင်ဆောက်လုပ်သည့် First Step Global ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာ မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ခရိုင်ပညာရေးမှူးက လက်ခံယူသည်။
ထို့နောက် ကျောင်းဆရာမကြီး ဒေါ်သန်းသန်းခိုင်က ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မေသိန်းက လက်ခံယူပြီး ကျောင်းအကျိုးတော်ဆောင် ဦးမြင့်လွင့်က ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)