တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်း (၉၅) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်က တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွား/လာမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်း သွား/လာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် စုပေါင်းရုံးလမ်းဆုံတို့တွင် သက်ဆိုင်ရာ အဖွဲ့များ ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ ပညာသင်ယူလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆  ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ယူလျက်ရှိကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၂) ရက် နံနက်ပိုင်းက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်းရှိ  အပြည်ပြည်ဆိုင်ရာ  နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲ တက်ရောက်ကြသည်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက်သွင်းအားစု ပေးအပ်ခြင်းနှင့် ကော်ဖီ၊ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားသို့  တက်ရောက်

ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် သွင်းအားစုပေးအပ်ခြင်းနှင့် ကော်ဖီ၊ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၃၁ ရက်နေ့နံနက်(၉)နာရီခန့်က ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျင်းပရာအဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှဌာနဆိုင်ရာများ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများမပြုန်းတီးရေးနှင့် တိုးပွားရှည်သန်စေရန် နိုင်ငံတစ်ဝန်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၀၂၅)ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ပုလုံးတုံတုံးကျေးရွာ၊ Cyclone Shelter အနီးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်‌တော်တရားသူကြီးချုပ်နှင့် တိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနနှင့် NGO အဖွဲ့များ တက်ရောက်ပြီး မိုးရာသီသစ်ပင်များ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

ကျွန်းစုမြို့၌ နွေရာသီလူငယ်ဘင်ခရာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ဘင်ခရာသင်တန်းကို ဧပြီလ ၂၉ ရက်နေ့မှစတင်၍ တစ်လအကြာဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ မေလ ၃၁ ရက်နေ့တွင် သင်တန်းဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၁၀  နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီပေါ် တညင်းသီးများဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအား ဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကျွဲကောများကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့် အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာ တညင်းပင်များမှ တညင်းသီးများ ဈေးကောင်းရရှိ လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပိန္နဲပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံပြည်သူများမှာ မိမိတို့၏ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် အလေ့ကျပေါက်ခြင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပိန္နဲပင်များမှ ပိန္နဲသီးမှည့်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် ပညာသင်ထောက်ပံ့ ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ညနေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင်ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အရာရှိ၊ အခြားအဆင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး