ဘုတ်ပြင်း မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မျိုးဆက်သစ်ကြက်တောင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၌ အငယ်တန်း၊ အလွတ်တန်း အမျိုးသားအမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညက ရွှေဘုံသာရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသားအငယ်တန်းပြိုင်ပွဲ၊ အမျိုးသမီးအငယ်တန်းပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲနှင့် အမျိုးသားအမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်နေမူကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့်အာကစားသမားများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ကိုကျင်းပရာ ပြိုင်ပွဲအသီးသီးတွင်အနိုင်ရဗိုလ်စွဲခဲ့သည့် အားကစားသမားများကို ပြိုင်ပွဲများအလိုက် ပထမ၊ဒုတိယ၊တတိယဆုရရှိသည့် အားကစားသမားများနှင့်အကောင်းဆုံအားကစားသမားဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)