တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌  မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်တက်ရောက်ပြီး သစ်ပင်ပျိုးပင်အား စိုက်ပျိုးပေး    

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ(၂၉)ရက် နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေး (၂၀၂၅)ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ပြီး ဝန်ကြီးချုပ် ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စိုက်ပျိုးပေးကြသည်။

ထားဝယ်မြို့တွင်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ ထားဝယ်မြို့မှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက်ပိုင်းတွင် စတင်ထုတ်ချေးပေးခဲ့သည်။

မိုးစပါးစိုက်တောင်သူ (၃၄၀၀) ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးမည်

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများ ရရှိစေရေးအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ မြို့နယ်များရှိ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ (၃၄၀၀) ကျော်အား စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့နံနက်ပိုင်းမှ စတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်

“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး “ကျောင်းအပ်နှံရေးနေ့”  အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့သီချင်း” ဖြင့် သီဆိုကပြဖျော်ဖြေသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာ‌ရေးအဖွဲ့ အဖွဲ့ဝင်များက ကျောင်းသား/သူများ ကျောင်းများဖွင့်လှစ်နေစဉ်ကာလအတွင်း ရာသီတုတ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းစေ‌ရေးအတွက် သရက်‌ချောင်းမြို့ပေါ်ကျောင်းများ၌ ယမန်နေ့က ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ အ‌ခြေခံပညာကျောင်းများတွင် ကျောင်းမဖွင့်မီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ကော့‌‌သောင်းမြို့တွင် အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိလူ​​နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.ကခွဲ အ.လ.က ၁ (အဏ္ဏဝါ)ကျောင်းနှင့် အဏ္ဏဝါရပ်ကွက်တို့တွင် ပူး‌‌ပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

ရေဖြူမြို့နယ်တွင် ရာသီပေါ် တညင်းသီး ယခုနှစ်တွင် ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာသီပေါ်တညင်းသီး ယခင်နှစ်‌ဈေးကို မမှီသော်လည်းဈေးကောင်းရရှိကြောင်း သိရသည်။ ရေဖြူဒေသထွက် တညင်းသီးကို ဒေသခံများစားသုံးမှုအပြင် ရန်ကုန်မှတဆင့် မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး