တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် နွေရာသီလူငယ်ဘင်ခရာသင်တန်းဆင်းပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဘင်ခရာသင်တန်းကို ဧပြီလ ၁၈ ရက်နေ့ မှ စတင်၍ ဇွန်လ ၂ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြိတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်နှင့်အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ဝန်ထမ်းသား/သမီး ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပလောက်မြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပလောက်မြို့ပေါ် အခြေခံပညာကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်‌

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း၌ ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်း သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ သရက်ချောင်း မြို့၊ မြို့မရဲစခန်းအရှေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဘုတ်ပြင်းမြို့၌ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နေမှုများအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုကို သွားရောက်ကြည့်ရှု၍ လူနာများအား အားပေးစကားပြောကြား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသပေး မည်ဖြစ်ရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုကို သွားရောက်ကြည့်ရှု၍ လူနာများအား အားပေးစကားပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားသင်ယူဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ကျောင်းစတင်ဖွင့်လှစ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများအား သင်ကြားသင်ယူဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး