ဘုတ်ပြင်းမြို့၌ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဘုတ်ပြင်း ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးညီညီက ကျောင်းအခြေပြုကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက် ၍ ဘုတ်ပြင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားသည်။ ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေဆိုင်ရာ အသိပညာပေး ပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဗီဒီယိုပြသခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အသိပညာပေးဉာဏ်စမ်းများကို မေးမြန်းခဲ့ကြရာ အဖြေမှန်သည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်)