ကျွန်းစုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်း

ကျွန်းစု ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ‌၄၅ ရက်သင်တန်းကို ဖွင့်လှစ်သင်ကြားပြီဖြစ်၍ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။

 အခမ်းအနားတွင် ကျွန်းစုမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဆင်း အမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းသူထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များနှင့်သင်တန်းနည်းပြအား အမှတ်တရ လက်ဆောင်ပစ္စည်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

သင်တန်းကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လာနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ ၂၀ ဦးအား မေ ၁၂ ရက်မှ ဇွန် ၂၅ ရက်အထိ ၄၅ ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)