သရက်ချောင်း ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက သရက်ချောင်းမြို့ သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလှူဒါန်းပွဲတွင် သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုများမှ စုပေါင်း၍ သရက်ချောင်းမြို့နယ်လုံးဆိုင်ရာ မြတ်ပါရမီပရဟိတအသင်းအား အလှူငွေကျပ် ၁၀၀၀၀၀၀ လှူဒါန်းခဲ့ပြီးနောက် မြတ်ပါရမီအသင်းတာဝန်ရှိသူများက သက်ဆိုင်ရာအသင်းစုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)