မကွေးတိုင်းဒေသကြီး

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအားနွေရာသီပန်းချီ (အခမဲ့) သင်တန်း ဖွင့်လှစ်ပွဲကျင်းပဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား နွေရာသီပန်းချီ (အခမဲ့) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်သည်။

ပခုက္ကူတက္ကသိုလ်၌ တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က သတ္တဗေဒဌာနတွင် ဖွင့်လှစ်ပို့ချသည်။

ပွင့်ဖြူမြို့နယ် သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်မည်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအခြေခံဝေါဟာရများကို ကောင်းစွာနားလည်သိရှိစေရန်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ နွေစပါးစိုက်ပျိုးရန် စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိသဖြင့် စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ရေသွင်းနှမ်းစိုက်ပျိုးမည့် တောင်သူများအား နှမ်းမျိုးသန့်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း နွေသီးနှံစိုက်ပျိုးရာသီတွင် ရေသွင်းနှမ်းစိုက်ပျိုးမည့် ဒေသခံတောင်သူများကို သီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် နှမ်းမျိုးသန့်များထုတ်လုပ်မှုသင်တန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ တောင်မင်းတည်းရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ တောင်မင်းတည်းရပ်ကွက် မီးဘေးလုံခြုံရေးတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအဖြစ်ဆောင်ရွက်မည့် ကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအဖြစ် ဆောင်ရွက်မည့် ကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေးရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး မီးသတ်ဆေးဘူးအသုံးပြုပုံကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပွဲတော်အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီက စုပေါင်းစိုက်ပျိုးခဲ့သော အပင်များအား ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင် ရေလောင်းပြုစုခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူး-ပဒါန်း-အမ်းကားလမ်းဘေး ကုန်းသာကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၄ မိုင် ၇ ဖာလုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ငဖဲမြို့နယ်တွင် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ကျောင်းတွင်းရပ်ကွက်ရှိ ချင်းတိုင်းရင်းသားဆလိုင်းမောင်လိန်းနေအိမ်တွင် ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး