ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဂန့်ဂေါမြို့ မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။