ပဲစင်းငုံသီးနှံရာသီကုန်ချိန်အထိ စျေးကောင်းရ၍ တောင်သူများအဆင်ပြေ
ယခုနှစ်တွင် ပဲစင်းငုံသီးနှံရာသီတွင် စျေးနှုန်းကောင်းမွန်ပြီး အထွက်နှုန်းကောင်းသည့်အတွက် နတ်မောက်မြို့နယ်အတွင်းရှိ ပဲစင်းငုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ ပဲစင်းငုံသီးနှံပေါ်ချိန်မှစ၍ ယခုလက်ရှိအချိန်ထိ စျေးနှုန်းရကြသဖြင့် တောင်သူများအတွက် ယခင်နှစ်များနှင့်မတူဘဲ စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရသည်။