ငဖဲမြို့နယ်တွင် တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပဒါန်းတပ်နယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပဒါန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။