မကွေးတိုင်းဒေသကြီး

အခြေခံပညာဆရာများ သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် မြို့နယ်အဆင့် သင်တန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ်ပညာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာအရည်အသွေးမြှင့်(မြို့နယ်အဆင့်) သင်တန်းကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

ကံမမြို့နယ်တွင် အခြေခံပညာအထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်များ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့၌ ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်‌ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် များ/မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

မကွေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း တာဝန်ရှိသူများနှင့်အတူ ပျော်ခရိုင်အတွင်း ဒေသသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာလူထု အားကစားလအကြို စုပေါင်း လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလအကြို စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မကွေးမြို့တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ကျောင်းသားလူငယ်များ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ဂန့်ဂေါမြို့တွင် Myanmar Electronic Voting Machine မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ လူစည်ကားရာ နေရာများဖြစ်သည့် မြောက်ကုန်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ရှိ ဗိုလ်ချုပ်လမ်းနှင့် မြစ်ရှောင်လမ်းဆုံနေရာ၊ မြို့အဝင် ခ.လ.ရ(၅၀)လမ်းဆုံနေရာနှင့် ကျောတိုက်ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် မြစ်သာခန်းမလမ်းဆုံနေရာများတွင် ဖြန့်ဝေခဲ့ကြသည်။ 
Subscribe to မကွေးတိုင်းဒေသကြီး