မြို့သစ် မေ ၉
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကံဆွယ်ကျေးရွာအုပ်စု ကံကြီး(တ)ကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းဆိုင်ရာများကိုပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများက ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားကာ ကံကြီး(တ) ကျေးရွာမှ အိမ်ခြေ(၈၅)လုံး၊ လူဦးရေ(၃၉၉)ဦးအတွက် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)