မြို့သစ် မေ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ နွေစပါးများဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ထိုနွေစပါးများကို ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ဒုတိယပတ်ခန့်က စတင်စိုက်ပျိုးကြပြီးအချို့ကောက်ပင်များတွင် နို့ရည်တည်လျက်ရှိကာ သဘာဝဘေးနှင့် သီးနှံဖျက်ပိုးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်လိုအပ်သော မြေသြဇာများသုံးစွဲလျက် အောင်မြင် စွာရှင်သန်လျက်ရှိကြသည်။
ထိုသို့အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က စပါးစိုက်ပျိုးမှုလုပ်ငန်းစဉ်အတိုင်း လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးပင်သက်တမ်းအလိုက် စနစ်တကျပြုစုစောင့်ရှောက်ရေးကိုတောင်သူများနှင့်ပူးပေါင်းကာ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးလျက်ရှိသည်။
ယခုနှစ် နွေစပါးရာသီတွင် ဒေသတွင်း စိုက်ပျိုး လျက်ရှိသည့် နွေစပါးမျိုးဧက-၅၇၈၄ဧက စိုက် ပျိုး ထားသည့် အပြင် ဈေးကွက်ဝင် နွေနှမ်း - ၄၀၉၂ ဧကကိုလည်းစိုက်ပျိုးထားရှိခဲ့ရာဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ ထိုစပါးမျိုးကိုဒေသတွင်းမျိုးပြန့်ပွားရေးနှင့် တောင်သူများ၏အကျိုးစီးပွားဖြစ်ထွန်းရေးအတွက်စီစဉ်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း ပြန်ဆက်