ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ညောင်ဦးမြို့၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ် ရှားမှုပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာ အားကစားလှုပ်ရှား လမ်းလျှောက်ခြင်းကို ဒီဇင်ဘာ ၂၈ နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့ ဘုရားနီလမ်းဆုံ မှစတင်ကာ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မဒိန်ကွင်း စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်လယ်သီးနှံအဖြစ် နေကြာနှင့် ပဲပုပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဝန်ထမ်းများအား ဟင်းသီးဟင်းရွက်များ ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော်ရရှိရေးအတွက် (၅)နှစ် စီမံကိန်းချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့၊ မြို့မအခြေခံပညာမူလတန်းကျောင်း၌ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ‌ ကျောင်းအခြေပြုတီဘီရောဂါစမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့မအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရေဖြူမြို့နယ်မှ ထွက်ရှိသော ကွမ်းသီး‌ခြောက်အခြမ်းများ ယခုနှစ်တွင် စံချိန်တင်ဈေးကောင်း ရရှိနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးကို အများဆုံးစိုက်ပျိုးကြပြီး ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးအစို/အခြောက်ခြမ်းများကို ရေဖြူနှင့် ထားဝယ်ရှိ ပွဲရုံရှင်များက အဓိကဝယ်ယူကြကာ ရန်ကုန်နှင့် မန္တလေးမြို့များသို တင်ပို့ရောင်းချပြီး ယခုနှစ်တွင် စံချိန်တင် ‌ဈေးကောင်းရရှိ‌နေကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက သနပ်ပင်မြို့ အ.ထ.က ကျောင်း ဇီဇဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

မြန်မာ - တရုတ် "M. C. Song" တရုတ်သီချင်းဆိုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

ဂီတမှတဆင့် မြန်မာ - တရုတ်ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကို ဂုဏ်ပြုသောအားဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးကိုတိုးမြှင့်စေရန်နှင့် ယဉ်ကျေးမှုကိုနားလည်သဘောပေါက်ရန်၊ စင်မြင့်ထက်တွင် မိမိတို့၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်ကျင်းပသည့် မြန်မာ-တရုတ် "M. C. Song" တရုတ် သီချင်းဆိုပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ရှိ Times City Jewellery Mall ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါးမြို့၌ သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး စာစီစာကုံးပြိုင်ပွဲကျင်းပ

ချင်းပြည်နယ်အတွင်း သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့်ကော်ဖီသီးနှံပင်စိုက်ပျိုးပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့်‌ ကော်ဖီသီးနှံစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ ကွင်းအမှတ် ကျိုးဝိုင်းကွင်း/မြစ်တရာကြိုးဝိုင်း၊ အကွက်အမှတ် (၂၂၇) ရှိ တောင်သူ‌ဒေါ်ပဲကြီး၏ လယ်ယာမြေ (၅) ဧက၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်း‌ ဆောင်ရွက်ပြီး၊ ကွင်းအမှတ် (၆၂၇/၂) ရှိတောင်သူဒေါ်စန်းစန်းရီ၏ လယ်ယာမြေ (၃) ဧက၌ကော်ဖီသီးနှံတစ်ထောင်ပင်အား စိုက်ပျိူးခဲ့ကြသည်။

ပဲခူးတိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက် ရှိသောကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများနှင့် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တွေ့ဆုံအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ