နေပြည်တော် ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပြည်တွင်းမဲဆန္ဒရှင်များနှင့် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် ပြင်ပရောက်ကြိုတင် ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ကြိုတင်ဆန္ဒမဲများဖွင့်ဖောက်ရေတွက်ခြင်းကို အလုံ၊ ဗိုလ်တထောင်၊ ချမ်းမြသာစည်၊ ချောင်းဆုံ၊ ဒဂုံဆိပ်ကမ်း၊ ဒေးဒရဲ၊ အိမ်မဲ၊ ကြို့ပင်ကောက်၊ လှိုင်၊ လှိုင်းဘွဲ၊ လှိုင်သာယာ၊ ဟုမ္မလင်း၊ အင်္ဂပူ၊ ကလေးဝ၊ ကန့်ဘလူ၊ ကျိုင်းတုံ၊ ကျောက်ပန်းတောင်း၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ ကွမ်းခြံကုန်း၊ ကွန်ဟိန်း၊ လဲချား၊ လမ်းမတော်၊ လသာ၊ လောင်းလုံ၊ မိုင်းကိုင်၊ မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းရှူး၊ မိုင်းတုံ၊ မော်လမြိုင်ကျွန်း၊ မော်လမြိုင်၊ မိတ္ထီလာ၊ မိုးညှင်း၊ မိုးနဲ၊ မိုးညို၊ မုံရွာ၊ မြစ်သား၊ ငါန်းဇွန်၊ ငဖဲ၊ ညောင်ရွှေ၊ ပန်းဘဲတန်း၊ ပုသိမ်ကြီး၊ ပုစွန်တောင်၊ ပျော်ဘွယ်၊ ဆိပ်ကြီးခနောင်တို၊ တမူး၊ တောင်သာ၊ သဲကုန်း၊ သာယာဝတီ၊ သရက်၊ သရက်ချောင်း၊ သုံးခွ၊ ရန်ကင်း၊ ဇီးကုန်း၊ ဒေါပုံ၊ သထုံ၊ ယင်းမာပင်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကြိုတင်ဆန္ဒမဲများကို ဖွင့်ဖောက်ရေတွက်ရာတွင် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရှေ့မှောက်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ကြိုတင်ဆန္ဒမဲများကို ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်း သိရသည်။