ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက မဟာမြတ်မုနိဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်ရောက်ကြသည်။