စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွန်းမံတည်ဆောက်ရေး တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စေတီတော်ကြီးများအား ပြန်လည်မွန်းမံတည်ဆောက်ခြင်း၊ စေတီတော် ကြီးများ၏ ဆောင်းတန်းများ ပြန်လည်မွန်းမံတည်ဆောက်ခြင်းနှင့် သာသနိက အဆောက်အဦများ ပြန်လည်မွန်းမံတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံမျိုးစုံ လျာထားချက်ထက် ဧက ၂၆၀၀ ကျော်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ လျာထားချက်ထက် ဧက ၂၆၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လစဉ်ပုံမှန် ချီးမြှင့်ငွေထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ လစဉ်ပုံမှန် ချီးမြှင့်ငွေထုတ်ပေးခြင်းကို စက်တင်ဘာ ၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေး ဈေးရုံရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားတက်ရောက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကို စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံ တည်ဆောက်မည့် မြေနေရာတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms Cao Ping (မစ္စချောင်းကျင့်)၊ မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌ Mr.Liu Ming (မစ္စတာလျိုမင်း)နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ကျောင်း‌‌ပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာသာမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီအမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ(၄၀၀)ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်ဘုရား၊ စေတီ၊ ပုထိုးများ၊ သီလရှင်ကျောင်းတိုက်များသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှအလှူငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်း

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ သီတဂူဝိပသနာအကယ်ဒမီကျောင်းသို့သွားရောက်၍ သီတဂူဆရာ တော်ဘုရာကြီးအား ဖူးမြှော်ကြည်ညိုကာ အလှူငွေများလှူဒါန်းခဲ့ကြသည်။

ကန့်ဘလူမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနိုးကွင်းသရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ တောင်သူ ဦးသောင်းငွေ၏ အောင်နိုင်တိုးစပါး (၃)ဧကစိုက်ခင်းအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနိုးကွင်းသရုပ်ပြပွဲကို ယမန်​နေ့နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်၌ ဆောင်းနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဆောင်းနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုး နည်းစနစ်ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီက ကန့်ဘလူမြို့ အမှတ်(၁)ရပ်ကွက် ကွင်းအမှတ်(၅၆၅)၊ ဦးပိုင်အမှတ်(၁၈) တောင်သူဦးအုံးကျော်၏ ယာမြေ ၅ ဧက စိုက်ပျိုးမြေ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တမူးခရိုင် ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ် (၂၅) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး