စစ်ကိုင်းတိုင်းဒေသကြီး

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမား၏အဓိပ္ပါယ်ကို သိရှိနားလည်စေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်ပြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကန်သာယာကန် ပြည်ထောင်စုကျွန်းရှေ့နှင့် မုံရွာမြို့အဝင်/အထွက် အလုံမင်းဒေါင့်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်၍ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌ (၇၈)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြု ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက်(၉)ခွဲအချိန်က အမှတ်(၂)အ​​ခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ် စုပေါင်းရုံးတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း(၈/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း (၈/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကျင်းပ

မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာတိုး ပွားစေရေးအတွက် ရည်ရွယ်ပြီး e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး