ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ခန္တီး ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ (၉)လအရွယ်ကလေးများကို ဂျပန်ဦးနှောက်ရောင်(တစ်ကြိမ်)၊ ဝက်သက်-ဂျိုက်သိုး(ပထမအကြိမ်)ကိုလည်းကောင်း (၁)နှစ်ခွဲအရွယ်ကလေးငယ်များကို ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စတုတ္ထအကြိမ်၊ ဝက်သက်-ဂျိုက်သိုး (ဒုတိယအကြိမ်)ကိုလည်းကောင်း မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ရှိကြောင်း သိရှိရသည်။

ကမ်းကီး(ပြန်/ဆက်)