စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ် (၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီးနှင့် သူနာပြုအုပ်ကြီးများ တက်ရောက်ကြသည်။