ဇီးကုန်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စာမေးပွဲစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း (အထက-ဇီးကုန်း) ၌ ယမန်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ Placement Test ကို Grade.1 ၂ ဦး၊ Grade-2 ၁ ဦး၊ Grade-3 ၂ ဦး၊ Grade-4 ၂ ဦး၊ Grade-5 ၁ ဦး၊ Grade-6 ၃ ဦး၊ Grade-7 -၂ ဦး၊ Grade-8 ၁ ဦးစုစုပေါင်း ၁၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Placement Test ကို ဇွန်လ ၁၅ ရက် မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ဖြေဆိုအောင်မြင်သော ကျောင်းသား ကျောင်းသူများအား သတ်မှတ်အတန်းအဆင့်များတွင် ပညာပြန်လည်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)