ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု၊ နွေစပါး(၂)သီးစံပြကွက်၌ တောင်သူ၊ လယ်သမားများအားလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ဝေါ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀)စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား နွေစပါး(၂)သီးစံပြကွက်တွင် ရက်(၉၀)စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ လက်ဆွဲကောက်စိုက်စက်များဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး ကွင်းအမှတ်(၆၈၇)၊ တောင်သူဦးအာလူး၏ လယ်မြေစိုက်ဧက(၂၇)ဧကတွင် ကျင်းပခဲ့ကြောင်းသည်။

ရှေးဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုင်းချစ်ထွန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၅၀)စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက စပါးမျိုးပင်ချကရိယာလက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျိုက်လှကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမားများ တက်ရောက်လေ့လာကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)