ပေါင်းတည် ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက် ၇ နာရီမှစ၍ အငြိမ်းစား၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးကြသည်။
အဆိုပါဆောင်ရွက်မှုသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံဆောင်ရွက်ပေးမှုဖြင့် အစိုးရ၀န်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက အနီးကပ်ကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၌ အငြိမ်းစားထမ်းများအား လစဉ်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အနီးကပ်ကြီးကြပ်၍ ဆရာဝန်များနှင့်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အငြိမ်းစားဝန်ထမ်းများအား ကိုယ်အလေးချိန် ဆန်းစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုဆန်းစစ်ခြင်း၊ ခံစားနေရသောရောဂါဝေဒနာများကို မေးမြန်းစမ်းသပ်ခြင်းများပြုလုပ်ပေးကာ လိုအပ်သော ဆေးထိုးနှံမှုနှင့်ဆေးဝါးများပေးကာ ကျန်းမာရေးစောင့်ရှောက် ကုသပေးလျက်ရှိသည့်အပြင် ဂီတသံစဉ်များနှင့်တွဲဖက်၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက်)