ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေးနေကြောင်း သိရသည်။