ပန်းတောင်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇန်နဝါရီလ (၅) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာအုပ်စု (၂၄) အုပ်စု၊ တောင်သူ (၁၇၉၈) ဦးအား ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါချေးငွေများကို ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း၊ အတိုးနှုန်း(၅) ရာခိုင်နှုန်းဖြင့် တောင်သူ (၁၇၉၈) ဦး၏ လယ်မြေဧက (၇၆၇၈) ဧကအတွက် ငွေကျပ်(၇၆၇၈၀၀၀၀၀ိ/-)သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး စိုက်ပျိုးဧက (၈၉၂၂) ဧက၊ ချေးငွေကျပ် (၈၉၂၂၀၀၀၀၀ိ/-)သိန်းကို ထုက်ချေးပေးထားရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာ ဒေါ်ခင်မာထံမှ သိရသည်။
လပြည့်လင်း (ပြန်/ဆက်)