ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများစတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ ပထမနေ့(မြန်မာစာ)ဘာသာရပ်အား ယနေ့နံနက်(၉)နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။  

ပန်းတောင်းမြို့နယ်၌ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့မစာကြည့်တိုက်တွင် ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီတို့မှကြီးမှူး၍ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကိုယ်ဝန်ဆောင်စဥ်၊ မွေးဖွားစဥ်နှင့် မွေးပြီး မိခင်ပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကိုယ်ဝန်ဆောင်စဥ်၊ မွေးဖွားစဥ်နှင့် မွေးပြီး မိခင်ပြုစုစောင့်ရှောက်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade - 5) နှင့် (Grade - 9) စာမေးပွဲများဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် (Grade - 5) နှင့် (Grade - 9) ပြီးမြောက်မှုစာမေးပွဲကို ယနေ့နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် စတင်ဖြေဆိုလျက်ရှိသည်။

ရွှေကျင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ဖွင့်လှစ်‌ခဲ့သည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲကျင်းပ

အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ​နွေစပါး(၁၇၅၄၂)ဧကစိုက်ပျိုးရန်လျာထား

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၄ -၂၀၂၅  ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက(၁၇၅၄၂)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး