သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ​နွေစပါး(၁၇၅၄၂)ဧကစိုက်ပျိုးရန်လျာထား

သဲကုန်း မတ် 

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ -၂၀၂၅  ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက(၁၇၅၄၂)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်အုပ်စု(၃၁)ခုမှ နွေစပါးစိုက်ပျိုးသူတောင်သူများအနေဖြင့် ရတနာတိုး၊ ဗီယက်နမ်၊ ရက်-၉၀၊ YSR(1) စပါးမျိုးများအား အများဆုံးစိုက်ပျိုးကြပြီး စိုက်ခင်းဧကများ စိုက်ပျိုးရာတွင်  ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်(လက်ဆွဲကောက်စိုက်စက်)ဖြင့် စနစ်တကျစိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ဧကပေါင်း(၁၀၂၅၂)ဧက (၅၈.၄၄)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ရာ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများမှ စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်တောင်သူများအား နည်းပညာများပေးခြင်း၊ မြေဩဇာများ​ကိုတောင်သူများလက်ဝယ်သို့ဖြန့်ဖြူး‌ပေး​​ခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်​စေရန်၊ နွေစပါးစိုက်ပျိုးရာသီတွင်စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်း တိုးပွားစေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)