ဇီးကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ဇီးကုန်း မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် စတင်ဖြေဆိုလျက်ရှိသည်။

အခြေခံပညာအတန်းများ၏ ပြီးမြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ Grade-9 အား စာစစ်ဌာန(၆)ခု ဖွင့်လှစ်၍ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၇၅၃)ဦးနှင့်  Grade-5 အား စာစစ်ဌာန(၁၃)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၈၀)ဦးရှိကြောင်း သိရသည်။  စာမေးပွဲများအား မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်နေ့လျင် တစ်ဘာသာ ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၀၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅)ကျောင်းရှိပြီး၊ တိုင်းခရိုင် ပညာရေးမှူးများ၏ လမ်းညွှန်မှုနှင့်အတူ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)