ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ပေါက်ခေါင်း မတ် ၃

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း Grade - 5 ကို မြို့နယ်အတွင်း စာစစ်ဌာန (၂၀) ခု၌ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၁၆၆၄ ဦးဖြေဆိုရန်စာရင်းပေးထားရာ၊ ၁၆၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ၅၉ ဦးပျက်ကွက်ခဲ့သည်။ Grade - 9 စာစစ်ဌာနများတွင်လည်း ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၉၄၆ ဦး ဖြေဆိုရန်စာရင်းပေးထားရာ၊ ဖြေဆိုသူ ၉၁၅ ဦးရှိပြီး ၃၁ ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade - 5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်း‌ကောင်း၊ Grade - 9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)