ပဲခူးတိုင်းဒေသကြီး

ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက်၌ မြေငလျင်ဘေးသင့် ပြည်သူများအတွက် အခြေခံစား သောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြေငလျင်ဘေးသင့် ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၄) ရပ်ကွက် အောင်မြန်မာလမ်းနှင့် တပင်ရွှေထီးလမ်း၌ ရွေ့လျားစနစ်ဖြင့် ဈေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်၌ ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီးက ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာခိုင်ဆွေဆွေညွန့်ဦးဆောင်သော ဆရာဝန်ကြီးနှင့်ဆေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ (၂၃) ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေး ကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား လည်ချောင်းကွဲ ရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဧပြီလ ၂၂ ရက်နေ့နံနက်ပိုင်းက နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ဆင်ကုန်တိုင်ကျေးရွာတွင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်တံခါးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ပဲခူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက  ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ပေါင်းတည်မြို့နယ် YAR-14 နွေစပါးမျိုးသန့်စံပြစိုတ်ကွတ်၌ မြေသြဇာကြဲပတ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၊ YAR-14 နွေစပါး မျိုးသန့်စံပြစိုတ်ကွတ်၌ ယမန်နေ့နံနတ် ၉ နာရီခွဲက မြေသြဇာကြဲပတ်ပွဲ ကျင်းပပြုလုပ်သည်။

ပေါင်းတည်၌ ဇီဝအချက်အလက်များကောက်ယူမှု မကျန်ရှိစေရေးဆက်လက်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဇီဝအချက်အလက်များကောက်ယူမှု မကျန်ရှိစေရေး(Biometric Data)လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းဆောင်ရွက်ကြသည်။

ပြည်မြို့၌ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ပြည်သင်တန်းစခန်း အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး