အုတ်တွင်းမြို့နယ်၌ ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီးက ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး

အုတ်တွင်း ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာခိုင်ဆွေဆွေညွန့်ဦးဆောင်သော ဆရာဝန်ကြီးနှင့်ဆေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အုတ်တွင်းမြို့နယ်ရှိ ဒေသခံပြည်သူ (၃၈) ဦးအား အခမဲ့ Ultrasound ရိုက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာခိုင်ဆွေဆွေညွန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)