တောင်ငူလေတပ်စခန်းဌာနချုပ်၌ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူလေတပ်စခန်းဌာနချုပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅)၊ တောင်ငူသင်တန်းစခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က လူ (၅၀၀)ဆံ့ အားကစားခန်းမ၌ ကျင်းပသည်။