ပြည် ဧပြီ ၂၃
ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ပြည်သင်တန်းစခန်း အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ခိုင်ချိုက သင်တန်းနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားကာ သင်တန်းအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများပြောကြားကာ သင်တန်းဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)