ပေါင်းတည်၌ ဇီဝအချက်အလက်များကောက်ယူမှု မကျန်ရှိစေရေးဆက်လက်ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဇီဝအချက်အလက်များကောက်ယူမှု မကျန်ရှိစေရေး(Biometric Data)လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်အတွင်း ဇီဝအချက်အလက်ကောက်ယူမှု မကျန်ရှိစေရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ကိုင်ဆောင်ခွင့်ရရှိလျက် နိုင်ငံသားအခွင့်အရေးများရရှိခံစားနိုင်စေရေးအတွက် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်ကျေးရွာအုပ်စုအလိုက် တာဝန်ကျ လဝက ဝန်ထမ်းများက မြေပြင်အရောက်ကွင်းဆင်း၍  ရပ်ရွာပြည်သူများထံမှ  Biometric Data မှတ်တမ်းများကောက်ယူကာ Unique Identification Number ကတ်ရရှိရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါဆောင်ရွက်မှုအား မြို့နယ်လဝကဦးစီးမှူး ဦးဇော်ဝင်းကြီးကြပ်၍ ဝန်ထမ်းများက မင်းကွက်(၃)၊ ဘွဲ့ပင်ကန်၊ ဟင်္သာကန်ရပ်ကွက်များနှင့် ဘုရားငါးဆူ၊ ပေါက်တန်း၊ မြေနံ့သာ ကျေးရွာအုပ်စုများရှိ ရပ်ရွာပြည်သူများထံမှ Biometric Data (UID) များကို နေ့ချင်းပြီးဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ရွှေသား( IPRD )