ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း"အသိပညာပေး ဟောပြောပွဲပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီးကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၈ နာရီက မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) စီစဥ်မှုဖြင့် "အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း" အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။