ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့တွင် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ ”ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓော်ဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ဒိုက်ဦးမြို့နယ်၊ လေးအိမ်စုကျေးရွာနေ တောင်သူဦးမြင့်လွင်၏ အစေ့ထုတ်ပြောင်း(၂.၂၃) ဧက စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးပြီး ရွှေအင်ဒုံကျေးရွာ တောင်သူ ဦးဝင်းမောင်၏ (၁၀)ဧကအတွင်း ပဲလွန်းစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

တောင်ငူမြို့၌ ဒေသခံလူငယ်များအတွက် လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဒေသခံလူငယ်များအတွက် လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သာယာဝတီမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်  ဖွင့်လှစ်သင်ကြား​လျက်ရှိသည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်(၉) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်​ပြသခြင်း ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက တာကောက်ကျန်းမာရေးဌာနခွဲ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ နွေရာသီအားလပ်ရက် ကျောင်းသား ကျောင်းသူလေးများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စာပေဖတ်ရှုလေ့လာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူလေးများ မြို့နယ်ပြည်သူစာကြည့်တိုက်သို့ ဗဟုသုတစာပေများ လာရောက်ဖတ်ရှုလေ့လာလျက်ရှိသည်။

ပေါင်းတည်၌ မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ် ၂ နာရီက မြို့မဈေးနှင့် ရွှေတည်ဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း သရုပ်ပြသပွဲ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်ဆိုင်များအား စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး