ပေါက်ခေါင်းမြို့နယ်၌ "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့မှ ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပေါက်ခေါင်း   ဇွန်    ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့ တည်ထောင်သူ ပေါက်ခေါင်းမြို့နယ် ဂုဏ်ထူးဆောင်နာယက ဇေယျကျော်ထင်စည်သူ ဦးမျိုးဇော်သိမ်းနှင့် မိသားစုတို့မှ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပွဲအခမ်းအနား ယနေ့နံနက်ပိုင်းက အ.ထ.က (အိုးဘိုကုန်း) ကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်အောင်က ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ် (၂၀၀၀) ဒါဇင်အား ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၁၅) ကျောင်းသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကာ အ.ထ.က (အိုးဘိုကုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)