ပဲခူးတိုင်းဒေသကြီး

ရွှေကျင်မြို့တွင် “ကျောင်းမီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်း” ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြို‌ကျောင်းတွင် “ကျောင်းမီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်း”ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံတရုတ်စာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံတရုတ်စာသင်တန်းဖွင့်လှစ်ရာ ပြည်မြို့နယ်ရှိ အခြေခံပညာ‌ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး တက်ရောက်သည်။

အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်​ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ​​ခြေခံပညာအထက်တန်း​ကျောင်း(သဲကုန်း)ရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၁)ရပ်ကွက်နှင့် ကျွဲပွဲမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ကြီးမြို့နယ်၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်ကစတင်၍ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခဲ့သည်။

ပဲခူးမြို့၌ ရာထူးခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှ တရားဝင်အတည်ပြုခန့်အပ်ခြင်းခံရသော တပ်ဖွဲ့ဝင်အရာရှိ(၆)ဦးအား ရာထူးခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနား ကျင်းပ

ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် အားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club (မုဒိတာ)အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမ (ဧပရယ်ယုနိုင်)၏ “မမဆိုသောသမီးကြီး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ထန်းလျက်ချက်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင် ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ အားလပ်ရက်ခရီးသွားများ ဝယ်ယူအား‌ပေးလျက်ရှိသည့် ဒေသထွက်ပြောင်းဖူးများ ရောင်းအားသွက်

ရန်ကုန်-ပြည်သွား ကားလမ်းဘေးရှိ ပေါင်းတည်ပြောင်းဖူးမီးဖုတ်ဆိုင်တန်းတစ်လျှောက်တွင် ရုံးပိတ်ရက်ရှည် အားလပ်ရက်များအတွင်း ဘုရားဖူးအပန်းဖြေ ခရီးသွားယာဉ်များ ခေတ္တရပ်နားကာ ပြောင်းဖူးမီးဖုတ်ဝယ်ယူစားသုံးသူ ပြောင်းဖူးစိမ်းဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး