တောင်ငူအကျဥ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၇၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၂/၂၀၂၆၊ ၃/၂၀၂၆ အရ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်ငူအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၇၂)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။