ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က (ရွာမ)၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ ရွေးကောက်ပွဲကျင်းပမည့် မဲရုံနေရာများအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပမည့် မဲရုံနေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။

သဲကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးဆိုင်ရာလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က လမ်းဆုံလမ်းဂွများနှင့် မြို့အဝင်/အထွက်ဂိတ်များတွင်​မဲဆန္ဒရှင်ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

မိုးညိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှည့်လည်နှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပဆောင်‌ရွက်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်က မဲဆန္ဒရှင်ပြည်သူများအား အသိပေးကြေညာချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၊ ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့က ဖြန့်ဝေပေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.ကယောဒေါင့်တွင် ယမန့်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသော ပဲကြီးသီးနှံများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ပဲကြီးသီးနှံ  (ဒေသမျိုး ၁၃၉ဧက) စိုက်ပျိုးထားရှိပြီးဖြစ်ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပေါင်းတည်မြို့နယ်၌ မဲရုံတည်ဆောက်မှုအခြအနေများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၏ မဲရုံတည်ဆောက်မှုအခြအနေများကို ယနေ့ ညနေပိုင်းက တာဝန်ရှိသူများ သွားရောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်ခုနှစ် ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး