ဇီးကုန်းမြို့နယ်၌ သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသ

ဇီးကုန်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့က အမှတ် (၁) ရပ်ကွက် ဦးမျိုးလွင်ဦးနေအိမ်ခြံဝန်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးလှမိုးက သဘာဝမြေဩဇာ ဘိုင်အိုချာပြုလုပ်နည်းအဆင့်ဆင့်၊ လိုအပ်သည့်ပစ္စည်း၊ ထည့်သွင်းအသုံးပြုရန် နှုန်းထားများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် သဘာဝမြေဩဇာဘိုင်အိုချာ ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြုလုပ်ပြသခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)