ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်၊ ဇဟားအနောက်မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီအချိန်ကစတင်၍ ဇဟားအနောက်မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟော​ပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့်ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့်ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လက်ပံလုံးလအုပ်စု၊ ကွင်းအမှတ်၉၅၇(ခ)၊ တောင်သူဦးသန်းဇော်၏လယ်မြေ(၇)ဧကတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးယဉ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြို အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့"ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့၊အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွှေကျင်မြို့တွင် ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှုမရှိစေရေးနှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း မရှိစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ မီးလင်း‌ရေးရုံးတွင် ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမရှိစေရေးနှင့် ဘက်ထရီ‌ရှော့တိုက် (ကျဉ်စက်) ဖြင့် ဖမ်းဆီးခြင်းအားတားမြစ်ခြင်းနှင့် အရေးယူခြင်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းဟောပြောခဲ့သည်။

တောင်ငူမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ သူနာပြုသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး​ပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပ

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မွေးမြူရေးသင်တန်းသားရရှိရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြိုနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မွေးမြူရေးသင်တန်းသားရရှိရေး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ) ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန် ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းကအ.လ.က(ခွဲ) ကန့်လန့်ကုန်းနှင့် အ.မ.က သင်တောတို့တွင် ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့က ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မိုးညိုမြို့နယ်၌ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး