ရွှေတောင် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ဒေသခံတောင်သူများအား (Biochar)ဇီဝမီးသွေးမြေဩဇာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာဇရပ်တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးအောင်က (Biochar)ဇီဝမီးသွေးမြေဩဇာ ပြုလုပ်ရာတွင် စပါးခွံများအား မဲသွားရုံသာ အပူပေးရမည့် လုပ်နည်းအဆင့်ဆင့် လိုအပ်သည့် ပစ္စည်းထည့်သွင်းအသုံးပြုရန်နှုန်းထားများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားပြီး (Biochar)ဇီဝမီးသွေးမြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
(Biochar)ဇီဝမီးသွေးမြေဩဇာ ပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းကို (ခရိုင်စိုက်ပျိုးရေးနှင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဒုတိယတိုင်းစိုက်ပျိုးရေးမန်နေဂျာ၊ ပြည်ခရိုင်စိုက်ပျိုးရေးမန်နေဂျာ၊ (မြို့နယ်စိုက်ပျိုးရေးနှင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူ(၇၀)ဦးခန့် ကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ သဲဆန်ကုန်းကြောမြေများတွင် ယာ-၁၄ စပါးမျိုးများစိုက်ပျိုးရန်၊ သဘာဝမြေဆွေးပုံများပြုလုပ်သုံးစွဲရန်၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်၊ သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်နှင့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း (Home Garden) တိုးချဲ့စိုက်ပျိုးရန် ဒေသခံတောင်သူများ အားလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)