ပဲခူးမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် အခွန်ဘဏ္ဍာငွေတိုးတက်စေရေး၊ ပြေစာများ အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက မြို့နယ်လူငယ်စင်တာအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။