ပန်းတောင်းမြို့နယ်၌ ပန်းတောင်း-ဒေါင်းမြတ်နားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ပန်းတောင်း အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ပန်းတောင်း-ဒေါင်းမြတ်နားလမ်း မိုင်တိုင်(၂/၅ မှ ၃/၀)အတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူကာ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပန်းတောင်း-ဒေါင်းမြတ်နားလမ်း မိုင်တိုင်(၂/၅ မှ ၃/၀)အတွင်း ကွန်ကရစ်လမ်းခင်းခြင်း (Levelling အပါ) (0.603km×3.66m×175mm) (၀/၃ မိုင် × ၁၂´ × ၇”) လုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ် (၁၅၄.၈၅) သန်းဖြင့် တာဝန်ယူကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)